Saturday 10 December 2011

My time killing skill :)

ဒါကတော့ Nandar အချိန်ဖြုန်းနေတဲ့ ဂိမ်းပါ ၀ယ်ထားတာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကလားမသိဘူး အခုမှ ကျောင်းပိတ်တာနဲ့ မိုးလင်းကထဲကနေ ညထိ ထိုင်ဆော့တယ် ထမင်းစားရေချိုးတော့ ကြားထဲမှာလုပ်တာပေါ့နော် ဟိ...အချိန်ကုန်လို့ကုန်မှန်းမသိဘူး နောက်ပြီး ဒီဂိမ်းကလဲ Game Over ဆိုတာမရှိဘူးလေ ကိုယ့်ဆီက ၁ second ဆို ဂိမ်းထဲမှာက ၁မိနစ်ဆိုတော့ ကုန်လို့ကုန်မှန်းမသိသာပါဘူး...ဆော့တာ ၃ရက်လောက်ရှိသွားပြီ Nandar ရဲ့ game ထဲက Sims တွေရဲ့နာမည်တွေက အဖေက ပြေတီဦး အမေက Eindra Kyaw Zin သမီးအကြီးက Pyay Thu Dra Oo သားငယ်လေးက Benji Oo ဟဲဟဲ ပြေတီဦး နဲ့ Eindra Kyaw Zin ကတော့ အခု အဘိုးကြီးနဲ့အဘွားကြီးဖြစ်နေပြီ ဂိမ်းထဲမှာ...
မှတ်ချက်....ကျမ နာမည်ကို အင်္ဂလိပ်လို ရေးတဲ့အကြောင်းအရင်း အကြီးကြီးရှိပါတယ် အဲ့ဒါကတော့ ကျမ ကွန်ပြူတာထဲမှာ ဇော်ဂျီဖောင့်က ကြောင်နေတာ ဘယ်လောက် uninstall လုပ်ပြီး ပြန် install လုပ်လုပ် ထပ်ဆင့်တို့ ပက်ဆင့်တို့ ရေးလို့မရဘူးဖြစ်နေတယ် ကူညီကြပါဦး????

5 comments:

မိစံ said...

~ + ရေးလိုတဲ့အက္ခရာ
(သို့မဟုတ်)
ctrl+alt+shift+လိုရာအက္ခရာ
တွဲရိုက်နိုင်ပါသည်း))
ဥပမာ-နန္ဒာ
အိုခေ :P
ရိုက်မရတော့လဲ..ခုရိုက်ထားတာ
ကော်ပီကူးလိုက်ပေါ့း)

ခင်မင်စွာဖြင့်

Nandar said...

အဲ့လိုလုပ်ပါတယ် ဒါပေမယ့် မရဘူး sis ပြောသလို ကော်ပီပဲကူးလိုက်တော့မယ်ကွယ်

မိစံ said...

စီဗုံးဘာလို့မထားတာလဲဟင်..
ကွန်မန့်ထဲမှာ.လာလာအော်ရတာ
အားနာလို့း)
http://www.alpha.com.mm/zawgyi/zawgyi.html

Candy said...

နန္ဒာဆိုတော့ နည်းနည်းကြောင်တောင်တောင်ဖြစ်သွားတယ်.. စုမြတ်ကနေ နန္ဒာ @_@ ဟီး
Sim ကတော့ ရေလည်စွဲတာ.. :D :D
ဟုတ်တယ် cbox လေးထားပါလား.. အော်ချင်တိုင်းအော်လို့ရတာပေါ့ :D

8Yar said...

ဟားဟားဟားဟား သမံစီးနဲ့ Candy တို့က CBox ထားဖို့တိုက်တွန်းနေပြီဆိုတော့ 8Yar လဲ တိုက်တွန်းရတော့မှာပေါ့။ CBox ထားပါဗျိုး။ ဟောဒီမှာလင့် http://cbox.ws/?r=3-3313507