Thursday 22 December 2011

Get to know me a little better tag!


ဒီ tag လေးကတော့ YouTube မှာတွေ့လို့ ဘလော့မှာလဲ သူငယ်ချင်းတွေနဲ့လုပ်မလားလို့ စဉ်းစားမိတာနဲ့ တင်လိုက်တာပါ။ ကိုယ့်အကြောင်းကို သူငယ်ချင်းတွေ ပိုသိအောင်လဲပါပါတယ်။ ကျွန်မ tag လုပ်ချင်တဲ့ သူတွေကတော့ ကျွန်မဘလော့ကို လာလည်တဲ့ သူတွေအားလုံးကို tag ချင်ပါတယ်
Candy(မမကန်ဒီ)၊ သမီးစံ ၂ယောက်ထဲသူငယ်ချင်းကရှိတော့ tag လုပ်လိုက်ပါတယ်။ 

What is your name?
နာမည်အရင်းက Nandar Win ပါ။ မေမေကတော့ အငယ်လေးလို့ခေါ်တယ်(သမီးအကြီးဆုံးကို ဘာဖြစ်လို့ခေါ်လဲတော့မသိပါ)။ ညီမလေး ၂ယောက်က မမလို့ခေါ်တယ်။ ချစ်သူက အသဲလေးလို့ ခေါ်တယ် :)

How old will you be by your next birthday?
နောက်နှစ်ဆိုရင် အသက် ၂၂ နှစ်ပြည့်တော့မယ်။ ကိုယ့်ကိုကိုယ် တော်တော်အသက်ကြီးပြီလို့ထင်ပါတယ်။ ဒီမှာ အသက် ၂၁ ပြည့်ပြီးရင် လူကြီး ပဲလေ ဒီ့ထက်ပိုပြီးရင့်ကျက်သင့်ပြီထင်ပါတယ်။

What is your favourite ice cream?
ကျွန်မငယ်ငယ်ကတည်းက ရေခဲမုန့်လုံးဝမကြိုက်ဘူး စားလဲမစားဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်စားရင်တော့ Coconut Ice Cream ကို ကြိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က အုန်းမွှေးလုံးနဲ့တူလို့။

Do you have any pets?
အိမ်မှာ Pet လုံးဝမမွေးပါဘူး။ ဘာဖြစ်လို့လဲမသိဘူး သူတို့ရဲ့အမွှေးတွေကိုအရမ်းကြောက်တယ် ငယ်ငယ်ကတည်းက ကြောင်တွေ ခွေးတွေမြင်ရင် ထွက်ပြေးနေတာ။ ခွေးတွေဘေးကဖြတ်သွားရင် မကိုက်အောင် လက်မကိုဖွက်ပြီး အသက်အောင့်ပြေးတာပဲ။ အဲ့လိုမျိုး သူငယ်ချင်းတို့ရောဖြစ်လားဟင်?

Can you tell the difference between pepsi and coke?
Pepsi ka လျက်ဆားနံ့နဲနဲရသလိုပဲ Coke ကတော့ coke အရသာရတာပေါ့နော် ဟဲဟဲ။

Soda or sports drink?
Soda ဆိုတာက Soft Drink ကိုပြောတာဆိုရင်တော့ သိပ်မကြိုက်ဘူး Sports drink ကိုအရမ်းကြိုက်တယ်။

Favourite soup?
Favourite soup  ကတော့ Chicken and Corn Soup ပါ။ အငယ်ဆုံးညီမလေးက ထမင်းမစားတော့ သူ့ကို မေမေက ၀ယ်တိုက်ရင်းနဲ့ နဲနဲကျန်ရင် ကပ်ကပ်သောက်ရင်းကြိုက်သွားတာပါ။

Hamburger or hot dog?
ဟမ်ဘာဂါကိုပဲကြိုက်ပါတယ်။

Floral or musky perfume?
Floral perfume ကိုအကြိုက်ဆုံးပါ ရေမွှေးဝယ်တိုင်းအမြဲလိုလို floral scent ကို ရွေးပါတယ်

Spring or autumn?
Autumn  နွေပူပူကနေ ဆောင်းကိုကူးရတာ အနှစ်သက်ဆုံးအချိန်ပါပဲ။

2 comments:

Candy said...

အင် ခက်ပြီညီမရေ.. တကူးတက သတိတရ တက်ဂ်ထားတာကို ရေးချင်ပေမယ့်.. တချို့မေးခွန်းတွေက ကန်ဒီရေးပြီးသားဖြစ်နေပြီး ကျန်တဲ့မေးခွန်းတွေ ကျပြန်တော့လည်း မဖြေတတ်ဘူး အဟင့်ဟင့်

ရေမွှေးကျတော့လည်း ညီမဟာကပ်သုံးတော့ နားမလည် spring နဲ့ autumn ကျတော့လည်း ဒီမှာမရှိတော့ အဲ့အရသာမသိ sport drink ဆိုတာကလည်းမသိ soup တို့ ဘာဂါတို့ ဟော့ဒေါ့တို့ကျတော့လည်း ဘာမှမစား.. အားလုံးခြုံကြည့်လိုက်တဲ့အခါ မသိတာတွေအစ်မရေးရင် ဟာသဖြစ်သွားလိမ့်မယ် ညီမရေ အဟိဟိ :P :P

နောက်တစ်ခါတက်ဂ်ရင် ရေးဖြစ်အောင် ရေးပါ့မယ် ညလေးရယ် စိတ်မဆိုးပါနဲ့ အဟင့် ၀မ်းနည်းတယ် :(

Thameesan said...

ဟော..တက်စာကို
ခုမှပဲ.တွေ့မိတော့တယ်တော်း))
သတိတရနဲ့တဂ်ထားပေးလို့
ကျေးဇူးပါနန္ဒာရေ..
မေးခွန်းတွေတော်တော်များများက
ကန်ဒီပြောသလိုဖြစ်နေတာမို့
ဒီမှာပဲဖြေသွားပေးတော့မယ်နော် ဟဲဟဲ
စိတ်ဆိုးနဲ့နော်..ညလေးး)
နာမည်ကတော့..စန္ဒာတင်မြင့်ပဲ.လူသိများပါတယ်။
အသက်ကတော့..ဘယ်လောက်ထင်လဲဟင်? ;)
အကြိုက်ဆုံးရေခဲမုန့်ကတော့.၀ါးဟားဟား တံဆိပ်ပါ။
နန္ဒာလိုပဲ..ခွေးမမွေးဖြစ်ပါဘူး
(တရိစ္ဆာန်မချစ်တတ်ဘူးဆိုရမှာပေါ့း)
ပက်စီနဲ့ကုတ်ရဲ့ခြားနားချက်ကတော့
ရောသောက်လိုက်မိရင်..သိမယ်ထင်ပါတယ်ရှင်း)။
ဆိုဒါကော.sport drinkပါ.မသောက်တတ်ပါရှင်။
အကြိုက်ဆုံးစွပ်ပြုတ်ကတော့
ဝက်စွပ်ပြုတ်ပါး)
ဟမ်ဘာဂါကြိုက်ပါတယ်။တူတယ်နော်။
လုရမယ်နဲ့တူတယ်း)
ရေမွှေးကတော့..သနပ်ခါးရနံ့အကြိုက်ဆုံးပါ။
နောက်ဆုံးမေးခွန်းကိုနားမလည်ပေမယ့်
ဆောင်းရာသီကိုအကြိုက်ဆုံးပါရှင်။

ဖြေပေးလိုက်ပြီနော်နန္ဒာရေ...
နောက်ဆိုကိုယ်တိုင်တက်စာမိရင်
သတိတရနဲ့တက်ဖို့.ညီမတစ်ယောက်
ရသွားပြီပေါ့း)



ချမ်းမြေ့ပါစေရှင်

ချစ်ခင်လျှက်