Thursday 22 December 2011

ဖူးစာရှင် အပိုင်း (၂)

တစ်နေ့ ကျွန်မ ထိုင်းဆိုင်အလုပ်ကနေ ညဘက်ကြီး ကားမောင်းပြီးပြန်လာတယ် အိမ်ရှေ့လဲရောက်ရော ကားဂိုဒေါင်က ပိတ်ထားတယ် ည ၁၀နာရီထိုးလောက် ဒါနဲ့ မေမေတို့ ဘယ်သွားလဲဆိုပြီး ဖုန်းဆက်တော့ သူတို့ အငယ်ဆုံးညီမလေး ကာကွယ်ဆေးထိုးတာ သွားကြတယ် ၁၅မိနစ်လောက်နေရင် ပြန်လာမယ်တဲ့။ အော် ကျွန်မအကြောင်းနဲနဲပြောပြရဦးမယ် ကျွန်မက သရဲအရမ်းကြောက်တတ်တယ် ဟဲဟဲ တစ်ယောက်ထဲ အမှောင်ထဲမှာ ထိုင်နေရရင် စိတ်တွေ ချောက်ချားလာပါလေရော ဟိုနားကအရိပ်မဲမဲလိုလို ဒီနားက  တစ်ယောက်ယောက် ဖြတ်သွားသလိုလို အဲ့ဒါနဲ့ ကားမီးကြီး ထိုးပြီး ကားထဲမှာထိုင်နေတယ်။
ရုတ်တရက် အဲ့အချိန်မှာ ဖုန်းကထမြည်တယ် လန့်တောင်လန့်သွားတာပဲ။ ဖုန်းနံပါတ်က ကျွန်မမသိတဲ့နံပါတ်ကြီး Oversea ဒါနဲ့ ငါအရင်က ချက်ထားတဲ့သူငယ်ချင်းထဲက တစ်ယောက်ယောက်နေမှာပေါ့လို့ ဖုန်းကိုကောက်ကိုင်လိုက်တယ် "ဟလို ဟုတ်ကဲ့ပြောပါ" Nandar လားတဲ့ ဟင် ငါ့နာမည် သိနေပါလား ဖုန်းဆက်တဲ့လူက ဘယ်သူမှန်းမသိပါဘူး တော်ကြာနေ သူ့ကိုမသိဘူးပြောလိုက်ရင် ရှက်သွားမလားဆိုပြီး အားနာနာနဲ့ သိသလိုလို ဟန်ဆောင်လိုက်ပြီး "အင်းဘာလို့ဖုန်းဆက်တာလဲ" ကျွန်မကမသိတဲ့လူလဲ မြန်မာဆို ဖုန်းချပစ်လေ့မရှိပါဘူး တော်တော် အားနာတတ်ပါတယ်။ သူကအဲ့တော့ ဘာလို့ အွန်လိုင်းမလာတာလဲတဲ့ သူစောင့်နေတာ တော်တော်ကြာပြီတဲ့ အဲ့ဒါနဲ့စိတ်ထဲက.......အံမယ် ငါ့ကိုအွန်လိုင်းမှာ စောင့်နေတဲ့သူရှိပါလားဆိုပြီး တော်တော်ဘ၀င်မြင့်သွားတယ်။ ပြောနေကြအတိုင်း”မအားလို့ပါလို့”။ ဒါနဲ့သူက ကိုဘယ်သူလဲသိလားတဲ့ အဲ..အဲ့ဒါမှ ပြသနာပဲဘယ်သူလဲ ကျွန်မလဲမသိဘူး တော်တော်ဆိုးပါတယ်။ သူကပြောတယ် ကိုယ်က ဟိုတလောတုန်းကတွေ့တဲ့ ကိုဘယ်သူပါပေါ့ နာမည်ပြောလဲ ကျွန်မမမှတ်မိပါဘူး သူနဲ့တစ်ခါတော့ စကားပြောဖူးတယ် သူ့အသံကိုမှတ်မိနေတယ် သူ့အသံက သူများလိုမဟုတ်ဘူး မျိုးကြီးတို့အသံလို ရှတတနဲ့ အစဖုန်းကိုင်ကတည်းက မသိဘူးပြောလိုက်ရင် တော်သေးတယ် အခုတော့ မသိတဲ့လူကြီးနဲ့ ၅မိနစ်လောက် စကားပြောပြီးမှ သူကမေးတော့ ငါကမသိဘူးပြောလိုက်ရင် ငါ့ကိုကောင်လေးတွေနဲ့ ချက်တယ်ဆိုပြီး အထင်သေးသွားမလားပေါ့ အဲ့အချိန်မှာ တော်သေးတယ် မေမေတို့ပြန်လာလို့ ကျွန်မလဲဖုန်းချလိုက်တယ်။ အခန်းထဲလဲရောက်ရော ချက်ကြတာပေါ့။ နောက်နေ့တွေတော့ ကျွန်မလဲအွန်လိုင်းမှာသူနဲ့ စကားတွေအများကြီးပြောဖြစ်တယ် “ဘာညာသာဒကာ Blah Blah Blah ပေါ့” သူနဲ့လဲတော်တော်ခင်သွားတယ် နောက်ပိုင်း စာမရိုက်တော့ဘူး  Gtalk မှာ ပြောကြတယ်။
ဒါလေးကတော့ သူပေးထားတဲ့ စာလေးတစ်ခု။
သူ့ရဲ့အပြုံးလေးတွေက အရမ်းကိုဖြူစင်တယ်

နောက်တော့ သူကရည်းစားစကားပြောပါတယ် ကျွန်မက အွန်လိုင်းက လူတွေကိုမယုံဘူးလို့ ဒီလိုပဲချစ်တယ်လို့ပြောကြတာပဲ နောက်တော့ ဘာမှလဲမဟုတ်ပါဘူးလို့ ပြောတော့ သူက တကယ်အတည်ပါတဲ့ သူ့ကိုယုံကြည်ပေးပါတဲ့ သူကသူ့အချစ်စစ် မှန်ကြောင်းသက်သေတွေအများကြီးနဲ့ပြပါတယ်..နောက်ပိုင်းသူနဲ့ခင်မင်သွားတော့ သူ့အကြောင်းကိုလဲ ကျွန်မတော်တော်လေးသိလာပြီး အဖြေပေးလိုက်ပါတယ်။ အွန်လိုင်းရည်းစားတွေဖြစ်သွားကြတယ်ဆိုပါတော့။
အဲ့ဒီ့နေ့က မှတ်မှတ်ရရ ၂၂.၀၁.၂၀၀၉ပါ အခုဆိုရင် ချစ်သူသက်တမ်း ၂နှစ်နဲ့၁၁လတောင်ရှိသွားပြီ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ ကျွန်မတို့ ၂ယောက်အပြင်မှာတွေ့ဖို့အများကြီးကို ပြင်ဆင်ခဲ့ရတယ် မေမေ့ကိုလဲအသိပေးလိုက်တယ် သူ့မိဘတွေကိုလဲ အသိပေးတယ် သူတို့ကတော့ဘာမှမပြောပါဘူး သဘောတူပါတယ် ဒါပေမယ့် ဖေဖေကကျွန်မ ရည်းစားထားတာကိုမသိပါဘူး။ အွန်လိုင်းရည်းစားတွေဆိုတော့ အပြင်မှာသူနဲ့အရမ်းကိုဆုံချင်ခဲ့တယ်။ သူက ၂၀၁၁ဂျူလိုင်လမှာ ရန်ကုန် ပြန်တော့မယ်လို့သိထားတယ် ကျွန်မက၂၀၁၀ဒီဇင်ဘာ လောက်ကတည်းက လေယာဉ်လက်မှတ်ဝယ်ထားတယ် ဘယ်လောက်တွေ့ချင်နေလဲ မသိဘူး။ လေယာဉ်လက်မှတ်က ၂၄ရက် ၇လပိုင်းမှာပါ သူနဲ့ပဲတွေ့မယ်ပေါ့ တခြားပြသနာတွေကို ကျွန်မမတွေးမိပါဘူး တစ်ခါမှမမြင်ဖူးသေးတဲ့ကိုယ့်ချစ်သူကိုတွေ့ချင်တဲ့စိတ်ပဲရှိပါတယ် ရန်ကုန်လဲပြန်ရော.........

ရန်ကုန်မှာဖြစ်ခဲ့တဲ့ ပြသနာ ၁ထောင့်တစ်ရာကို အပိုင်း(၃) မှာ ရေးပါမယ်။

8 comments:

Candy said...

အင်.. လုပ်ပြန်ပီ

8Yar said...

ဖြစ်ရမယ် နန္ဒာတို့က... :P ကျွန်တော် Tag ထားတယ်။ အားရင်တို့ရေးနော်။ မအားတော့လည်း ထားလိုက်ပါ။

8Yar said...

လာနောက်သလားဗျာ။ Post ကိုမတွေ့ရဘူး။ ပြန်စစ်ပေးပါနော်။ :)

Nandar said...

Get to know me a little better tag ရဲ့အောက်ကလေ ကိုအိပ်ယာ။ ဓာတ်ပုံလေး ၂ပုံတောင်ပါသေးတယ်။

မိုးဇက် said...

စီပုံးထားပါ ၊ ဆီပုံးထောင်ပါ ၊ မထားမထောင်ရင် ၊ ကွကို ဗုံးလာထောင်မယ် ၊

Nandar said...

စီပုံးက ဘယ်လိုလုပ်ရတာလဲမသိဘူး

Candy said...

စာရေးဦးလေ :D :D
လူကိုတော့ စာများများရေးလာပြောတယ် သူကျမရေးဘူး :P

Cbox ထားတာများ.. အစ်မဆီလာပြီး Cbox အောက်နားက Smile ဘေးက Cboxကိုနှိပ်လိုက် .. အဲ့ဒီ Cbox website မှာ register လုပ်ပြီး code ယူလိုက်.. ပြီးပြီ :D

မိုးသက် said...

သကြားလုံးက ဆရာကြီးပေါ့လေ..း)

တကယ့်အခန်းကျမှ ရပ်ရပ်သွားတယ် ဖတ်ရတာ
ဆန့်တငင့်ငင့်နဲ့..။း((