Saturday, 21 April 2012

Bibimbap

အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့တော့ မိုးအေးအေးလေးနဲ့ အိမ်မှာ ကိုရီးယားထမင်းသုပ် လုပ်စားဖြစ်ပါတယ်။ အဲ့ဒါကို ဗီဒီယိုလေးလုပ်ထားတာကို အားပေးကြပါဦး။

Friday, 20 April 2012

New Post yay

အားလုံးပဲ မင်္ဂလာပါ အခုလို အကြာကြီးဘလော့ မရေးပဲ ပျောက်နေတဲ့အကြောင်းကတော့ ကွန်ပျူတာက ဘာဖြစ်လို့လဲ မသိဘူး ဓာတ်ပုံတင်လို့မရဘူးဖြစ်သွားလို့ အခုတော့ ပြန်ကောင်းသွားပြီ ပြင်တောင်မပြင်လိုက်ရဘူး။ အိမ်မှာဘာမှလုပ်စရာမရှိလို့ အားနေတာနဲ့ ဗွီဒီယိုလေးတစ်ခုလုပ်ထားသေးတယ်။



အားလုံးပဲနေကောင်းကြတယ်ဟုတ်။ နန္ဒာတော့ နေမကောင်းဘူး အံဆုံးပေါက်ပြီး သွားတွေ အရမ်းကိုက်နေလို့ ဆေးသောက်နေရတယ်။ ခုထိလဲမပျောက်သေးဘူး အိပ်နေရင်ပိုဆိုးလို့ အစာမာမာတွေလဲ မစားနိုင်ဘူး ဒိန်ချဉ်နဲ့ ငှက်ပျောသီးစားပြီး ရေများများသောက်နေရတယ်။ အဲ့လိုစားရင် သက်သာမလား ထင်လို့။ ဗွီဒီယိုလေးကို ကြိုက်ကြမယ်ထင်ပါတယ် နောက်ဆို ပိုစ့်တွေအများကြီး ရေးမယ်နော်။

Sunday, 8 January 2012

ကျွန်မရဲ့တစ်နေ့တာ


မနက်ဘက်အလုပ်မသွားတဲ့နေ့တွေဆိုရင် ညဘက် ၁၁နာရီလောက်  ပုံမှန်အိပ်ပါတယ် ပြီးတော့ ၈နာရီထိုးမှထတယ်။ အဲ ၈နာရီထိုးဆိုပေမယ့် မေမေက မနက် ၇နာရီလောက်ဆိုရင် အခန်းတံခါးကိုဖွင့်ပြီး သမီးရေ ၈နာရီထိုးတော့မယ် ဆိုပြီး ညာညာနှိုးလို့ ၇နာရီဆို ပုန်မှန်အိပ်ယာထလေ့ရှိပါတယ်။ မနက်အလုပ်ရှိတဲ့နေ့တွေ့ဆိုရင်တော့ ညဘက်ထဲက နှိုးစက်ကို မနက် ၅နာရီခွဲလုပ်ထားရတယ် အလုပ်က ပုံမှန် မနက် ၆နာရီစရတယ်။ စနေတနင်္ဂနွေပဲ အလုပ်လုပ်ရတာများတယ် ကျန်တဲ့အချိန်တွေက သူတို့ခေါ်ချင်တဲ့အချိန်ခေါ်တာပါ။ အလုပ်ရှိတဲ့နေ့ဆို နှိုးစက် ၅ခွဲမြည်တာနဲ့ ငေါက်ကနဲ ထထိုင် မျက်နှာသစ် သွားတိုက် မျက်ကပ်မှန်တပ် အလုပ်အ၀တ်အစားလဲ ဘုရားရှိခိုး ဖိနပ်စီးပြီး သွားတယ် အဲ့ဒါ အလုပ်သွားတဲ့မနက်တိုင်းပုံမှန်ပဲ လူက သံပတ်ပေးထားတဲ့ အရုပ်တစ်ရုပ်လို တစ်ယောက်ထဲ အစီအစဉ်တကျ လုပ်လေ့ရှိတယ်။
အလုပ်မသွားရတဲ့နေ့ဒီနေ့လိုဆိုရင်တော့ ဘာမှမလုပ်ဘူး ဟိ။ မေမေက ဖေဖေအလုပ် ၆နာရီခွဲသွားကတည်းက ထတော့ ကျွန်မတို့အတွက် မနက်စာပြင်ဆင်ပေးပြီးနေပြီ။ ၇နာရီလောက်ဆို သမီးတို့ရေ ထတော့ ၈နာရီထိုးတော့မယ်။ အဲ့ကျရင်ပထမဆုံးလုပ်တာက ခေါင်းအုန်းအောက်က ဖုန်းကို ယူပြီးတော့ facebook မှာ သူငယ်ချင်းတွေဘာတွေလုပ်ကြလဲ ကြည့်ပါတယ် facebook က ညမအိပ်ခင်လဲ ကြည့်တယ် သူများဓာတ်ပုံတွေ ကြည့်ရတာဝါသနာပါလို့ (အမှန်က စပ်စုတာပါ)။ ပြီးမှ မျက်နှာသစ် သွားတိုက် မျက်ကပ်မှန်တော့မတပ်တော့ဘူး အလုပ်သွားမှတပ်တာ အိမ်မှာမျက်မှန်ပဲတပ်တယ်။ ပြီးတာနဲ့ မေမေပြင်ပေးတဲ့ နန်းကြီးသုပ်စားတယ် မေမေ့နန်းကြီးသုပ်က ဒီတစ်သက် အရသာအရှိဆုံးပဲ။ 
မေမေ့ရဲ့နန်းကြီးသုပ်

ရန်ကုန်မှာနေတုန်းကတော့ မနက်စာကို ဆိုင်က အသုပ်စုံဝယ်စားတယ်။ ဒီရောက်တော့ မေမေက ထမင်းကြော်သို့မဟုတ် စားချင်တာလုပ်ပေးတယ်။ အလုပ်သွားတဲ့နေ့တွေဆိုရင် မနက်စာ ငတ်တာများပါတယ်။ အလုပ်က ၁၀နာရီခွဲမှ Break Time ရတာဆိုတော့ နေ့လည်စာနဲ့ပေါင်းစားတယ် (အဲ့လိုတော့ စာဖတ်သူတို့မထင်လိုက်ပါနဲ့) အိမ်ပြန်ရောက်တော့ ၂နာရီထိုးလဲ မေမေချက်ထားတဲ့ထမင်းကို နေ့လည်စာ အားရပါးရစားပါသေးတယ်။ 
မေမေလုပ်ပေးတဲ့ ထမင်းသုပ်နဲ့ ငါးဆုပ်ဟင်း

ဒါကြောင့်မို့လားမသိဘူး ညီမအလတ်က နင်က မေမေဈေးသွားရင်တော့ ပိုက်ဆံကုန်တယ်လေးဘာလေးနဲ့တဲ့ သူပဲစားတာတဲ့။ သူကျတော့ ပိုက်ဆံကုန်မှာဆိုးလို့ အပြင်မှာမစားပဲ အိမ်ရောက်မှ သဖြဲနဖြဲစားတာလို့ပြောပါတယ် ဟဲဟဲ။ သူပြောလဲ ပြုံးပြုံးပဲ ဟုတ်တဲ့ဟာလဲ ဟုတ်ပါတယ် မဟုတ်တဲ့ဟာတော့မဟုတ်ဘူး ကျွန်မက အပြင်စာတွေစားရတာ မကြိုက်ဘူး မေမေချက်တဲ့ထမင်းနဲ့ဟင်းပဲကြိုက်တာ အိမ်ထောင်ပြုပြီးရင်တော့ မေမေ့ဆီမှာ ချိုင့်ဆွဲစားဖို့ အစီအစဉ်ရှိပါတယ်။ နေ့လည်စာကို မေမေ့အိမ်မှာစားရတာအကြိုက်ဆုံးပါ။ အနီးနားတစ်ဝိုက်မှာစားရင်လဲ Bus က မရှိတော့ ကားမောင်းသွားရမှာ ပျင်းလို့ အပြင်ထွက်မစားပါဘူး (ပိုက်ဆံချွေတာ တာလဲ ပါပါတယ်)

အခုလက်ရှိအစားချင်ဆုံးဟင်းတွေက မြန်မာပြည်က ပုစွန်ဟင်းကိုစားချင်တယ် ပုစွန်အသေးလေးတွေကို ချက်တာလေ။ ရန်ကုန်ပြန်တုန်းကတော့ စားခဲ့တယ် ဆိုင်မှာဝယ်စားခဲ့တာဆိုတော့ မေမေချက်သလောက်မကောင်းဘူး။ ပြီးတော့ ကင်ပွန်းချဉ်ရွက် အချည်ရည်၊ ပုန်းရည်ကြီးသုပ်၊ အဘွားချက်တဲ့ ငါးမြစ်ချင်းဟင်း။ ရွှေရှမ်းလေးက ရှမ်းခေါက်ဆွဲ ဆန်စည်းတို့ဟူးနွေး အမလေး ပြောရင်းနဲ့ သွားရည်ယိုလာပြီ ဆက်ပြောရင် အများကြီးကျန်သေးတယ်။
ကျွန်မက ကော်ဖီသိပ်မကြိုက်ဘူး ကော်ဖီနဲ့လဲ သိပ်မတည့်ဘူး ကျောင်းဖွင့်ရက်တစ်ရက်တုန်းက ညီမလေးက ဒီကျောင်းက ကော်ဖီအရမ်းကောင်းတယ်ဆိုလို့ “Soil Cappcino With White Chocalate” အဲ့ဒါသောက်လိုက်တာ တစ်နေ့လုံး တစ်ကိုယ်လုံး တုန်ရီပြီး ခေါင်းတွေရီဝေနေလို့ နောက်မသောက်ရဲတော့ဘူး အဲ့ဒါ မမှတ်သေးပါဘူး ဟိုတစ်လောက ထပ်ဝယ်သောက်သေးတယ် အဲ့လိုပဲဖြစ်လို့ ရင်တွေတလှပ်လှပ် ရင်ခုန်တယ်ဆိုတာ ဒါကိုပြောတာနေမှာ။ ကော်ဖီတင်မဟုတ်ပါဘူး လက်ဖက်ရည်လဲ မကြိုက်ဘူး ပူတာဆိုဘာမှမကြိုက်ဘူး ထမင်းစားရင်တောင် အအေးခံပြီးမှ စားလေ့ရှိတာ။ အလုပ်မှာဆိုရင်တော့ Coffee Frappe သောက်တယ် အဲ့ဒါတော့ကြိုက်တယ် ဒါပေမယ့် Regular size ၀ယ်သောက်တာ မကုန်ဘူး ၂ဂွတ် လောက်သောက်ပြီးရင် သောက်တော့ဘူး ၀မှာဆိုးလို့။ အလုပ်မှာဆို “McOz Burger” ၀ယ်စားဖြစ်တယ် အဲ့ဒါက “Toasted 4.5” Bun with Kethup, Mustard, large Onion, lettuce, tomato, beetroot, cheese and beef patties” အရမ်းကိုကြိုက်ပါတယ်။ အဲ့ဒါတွေစားလို့လားမသိဘူး ၀လာသလိုလိုပဲ။
ညနေစာကို အိမ်မှာပဲစားဖြစ်တယ် ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တဲ့အကြောင်းအရာက ချစ်သူလေးနဲ့ ထမင်းလက်ဆုံ နောက်တစ်ခေါက်လောက်ဖြစ်ဖြစ် စားချင်လိုက်တာ…!_!
အလုပ်ဆင်းတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်က ဟေး…အိမ်ပြန်ရတော့မယ်ကွ။ အိမ်ပြန်ရောက်ရောက်ချင်း အလုပ်ဖိနပ်ကိုချွတ်ပါတယ်၊ ဒုတိယကတော့ မေမေရေ ဒီနေ့ဘာဟင်းချက်လဲ……တတိယ အင်္ကျီမလဲပဲ ထမင်းအားရပါးရစားတယ် မေမေက ဟဲ့ ရေချိုးဦးလေတဲ့ မေမေကလဲ ဗိုက်ဆာလို့လို့ မေမေကပြောပါတယ် ငါချက်တဲ့ဟင်းတွေကို အရမ်းကောင်းတယ်လို့ပြောတာ ငါ့သမီးလေးပဲရှိတယ်တဲ့။
ရေမိုးချိုးပြီး ပျင်းရင် Youtube က အလှပြင်တာတွေကြည့်တယ်။ အလှပြင်တာတွေကြည့်တာ ၄နှစ်လောက်ရှိပါပြီ အဲ့တော့ Nandar တို့ အလှတော်တော်ပြင်တတ်နေပြီ ထင်နေမယ်ထင်တယ် မထင်ပါနဲ့ကွယ် အခုထိ ပြင်လိုက်ရင် သရဲပုံပဲထွက်တယ်။ အဲ့ဒါကြည့်ပြီးရတဲ့ အကျိုးကျေးဇူးကတော့ ရသမျှ ၀င်ငွေတွေအကုန် မိတ်ကပ်တွေပဲ ၀ယ်နေလို့ အဆူခံရတယ်။ နှစ်ချုပ်ဝင်ငွေစာရင်း ကြည့်လိုက်ရင် ဂဏန်းတွေကတော့ အများကြီးပဲ ဘဏ်ထဲမှာရှိတာကတော့ သုည အဟင့်အဟင့်။ ကျောင်းလခ ကိုယ့်ဘာကိုယ်တော့ ပေးရတယ် အဲ့ဒါလေးပဲ စာရင်းရှိတယ်။
ည ၇နာရီခွဲတိတိဆို ချစ်သူက အွန်လိုင်းကိုရောက်လာပါတယ်။ သူက အချိန် ဒေါင် ဆိုတာနဲ့ ရောက်နေတတ်တယ်။ ပြီးတော့ ချစ်တဲ့အကြောင်းတွေပြောကြတယ် နီးစပ်ဖို့ပြောကြတယ် ပြီးတော့သူက အိမ်ပြန်သွားရော။ သူပြန်သွားတော့ Youtube ဆက်ကြည့်တယ် ပြီးတော့ အိပ်ယာထဲ ၀င်တယ် မီးပိတ်ပြီးမအိပ်သေးပါဘူး facebook ဆက်ကြည့်ပြန်ရော။ အိပ်မပျော်တဲ့ညတွေဆိုရင် အိပ်ယာပေါ် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နဲ့ အိပ်မပျော်တဲ့ညကတော့ သိပ်တော့မရှိဘူး ဗိုက်ဆာတဲ့အချိန်ဆိုအိပ်မပျော်ဘူး ဟဲဟဲ အဲ့ကျရင် အိပ်ယာက ထပြီး ဗိုက်ကို ဖြည့်လိုက်တယ် ပြီးတော့ ပြန်အိပ်တော့ အိပ်ပျော်သွားတာ မိုးလင်းတဲ့ထိပဲ။
အပြင်သွားတဲ့အခါ သတိထားပြီးယူတတ်တာ ကားလိုင်စင်ပါ။
တအားစိတ်ညစ်တဲ့အချိန်ဆိုတာ မေမေဆူတဲ့အချိန်နဲ့ ကျောင်းမှာ အချိန်မှီ Assignment မပြီးတာ အဲ့နှစ်ခုက အဆိုးဆုံးပဲ အဲ့လိုအချိန်ဆိုရင် ကျောင်းကိုရောက်သွားတာနဲ့ ရထားပြန်စီးပြီး City ကိုသွား မိတ်ကပ်တွေ တ၀ကြီးဝယ်ပစ်လိုက်တယ်။ ရင်ထဲမှာပေါ့သွားတာပဲ။ 
အကြိုက်ဆုံး ဆံပင်ဖြောင့်စက်
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူက မေမေက ပြီးတော့ ညီမလေး ၂ယောက် ဖေဖေ့ကိုတော့မချစ်ဘူး ဂျီကျလို့။ သူစိမ်းတွေအထဲမှာ အယုံကြည့်ဆုံးသူက တစ်ယောက်မှမရှိဘူး ကိုယ်ကတော့ သူငယ်ချင်းဆိုပြီး ကိုယ့်အကြောင်းလေးရင်ဖွင့်တာ သူက သူ့အမေကို ပြန်ပြောတော့ သူ့အမေဆီကနေ မေမေ့ဆီပြန်ရောက်တာပေါ့ ဒါကြောင့် ဘယ်သူ့မှမယုံတော့ဘူး။ အလုပ်ထဲမှာ ကိုယ်အခင်ဆုံးသူက ကောင်လေးတစ်ယောက်ပါ Zack Zenow တဲ့ သူက အရမ်းကိုကူညီတတ်တယ် စိတ်ထားလဲ အရမ်းကိုဖြူစင်တယ်။
ပတ်သတ်ဖူးတဲ့သူတွေထဲမှာ ကျွန်မကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးလူက တစ်ယောက်ထဲရှိပါတယ်။ သူကတော့ ကျွန်မချစ်သူလေးပါ။ အခုလောလောဆယ်အဖြစ်ချင်ဆုံးကတော့ ရန်ကုန်ကို ရရာ လေယာဉ်နဲ့ပြန်ပြီး ချစ်သူလေးကို Surprise ဆိုပြီး သူ့အိမ်ရှေ့မှာ တံခါးသွားခေါက်ချင်တာပါ။
ဒီပို့စ်ကို သေချာဖတ်ကြည့်ပြီးတော့မှာ တော်တော်ပေါတဲ့ Nandar ပါလားကွယ်။

Thursday, 22 December 2011

ဖူးစာရှင် အပိုင်း (၂)

တစ်နေ့ ကျွန်မ ထိုင်းဆိုင်အလုပ်ကနေ ညဘက်ကြီး ကားမောင်းပြီးပြန်လာတယ် အိမ်ရှေ့လဲရောက်ရော ကားဂိုဒေါင်က ပိတ်ထားတယ် ည ၁၀နာရီထိုးလောက် ဒါနဲ့ မေမေတို့ ဘယ်သွားလဲဆိုပြီး ဖုန်းဆက်တော့ သူတို့ အငယ်ဆုံးညီမလေး ကာကွယ်ဆေးထိုးတာ သွားကြတယ် ၁၅မိနစ်လောက်နေရင် ပြန်လာမယ်တဲ့။ အော် ကျွန်မအကြောင်းနဲနဲပြောပြရဦးမယ် ကျွန်မက သရဲအရမ်းကြောက်တတ်တယ် ဟဲဟဲ တစ်ယောက်ထဲ အမှောင်ထဲမှာ ထိုင်နေရရင် စိတ်တွေ ချောက်ချားလာပါလေရော ဟိုနားကအရိပ်မဲမဲလိုလို ဒီနားက  တစ်ယောက်ယောက် ဖြတ်သွားသလိုလို အဲ့ဒါနဲ့ ကားမီးကြီး ထိုးပြီး ကားထဲမှာထိုင်နေတယ်။
ရုတ်တရက် အဲ့အချိန်မှာ ဖုန်းကထမြည်တယ် လန့်တောင်လန့်သွားတာပဲ။ ဖုန်းနံပါတ်က ကျွန်မမသိတဲ့နံပါတ်ကြီး Oversea ဒါနဲ့ ငါအရင်က ချက်ထားတဲ့သူငယ်ချင်းထဲက တစ်ယောက်ယောက်နေမှာပေါ့လို့ ဖုန်းကိုကောက်ကိုင်လိုက်တယ် "ဟလို ဟုတ်ကဲ့ပြောပါ" Nandar လားတဲ့ ဟင် ငါ့နာမည် သိနေပါလား ဖုန်းဆက်တဲ့လူက ဘယ်သူမှန်းမသိပါဘူး တော်ကြာနေ သူ့ကိုမသိဘူးပြောလိုက်ရင် ရှက်သွားမလားဆိုပြီး အားနာနာနဲ့ သိသလိုလို ဟန်ဆောင်လိုက်ပြီး "အင်းဘာလို့ဖုန်းဆက်တာလဲ" ကျွန်မကမသိတဲ့လူလဲ မြန်မာဆို ဖုန်းချပစ်လေ့မရှိပါဘူး တော်တော် အားနာတတ်ပါတယ်။ သူကအဲ့တော့ ဘာလို့ အွန်လိုင်းမလာတာလဲတဲ့ သူစောင့်နေတာ တော်တော်ကြာပြီတဲ့ အဲ့ဒါနဲ့စိတ်ထဲက.......အံမယ် ငါ့ကိုအွန်လိုင်းမှာ စောင့်နေတဲ့သူရှိပါလားဆိုပြီး တော်တော်ဘ၀င်မြင့်သွားတယ်။ ပြောနေကြအတိုင်း”မအားလို့ပါလို့”။ ဒါနဲ့သူက ကိုဘယ်သူလဲသိလားတဲ့ အဲ..အဲ့ဒါမှ ပြသနာပဲဘယ်သူလဲ ကျွန်မလဲမသိဘူး တော်တော်ဆိုးပါတယ်။ သူကပြောတယ် ကိုယ်က ဟိုတလောတုန်းကတွေ့တဲ့ ကိုဘယ်သူပါပေါ့ နာမည်ပြောလဲ ကျွန်မမမှတ်မိပါဘူး သူနဲ့တစ်ခါတော့ စကားပြောဖူးတယ် သူ့အသံကိုမှတ်မိနေတယ် သူ့အသံက သူများလိုမဟုတ်ဘူး မျိုးကြီးတို့အသံလို ရှတတနဲ့ အစဖုန်းကိုင်ကတည်းက မသိဘူးပြောလိုက်ရင် တော်သေးတယ် အခုတော့ မသိတဲ့လူကြီးနဲ့ ၅မိနစ်လောက် စကားပြောပြီးမှ သူကမေးတော့ ငါကမသိဘူးပြောလိုက်ရင် ငါ့ကိုကောင်လေးတွေနဲ့ ချက်တယ်ဆိုပြီး အထင်သေးသွားမလားပေါ့ အဲ့အချိန်မှာ တော်သေးတယ် မေမေတို့ပြန်လာလို့ ကျွန်မလဲဖုန်းချလိုက်တယ်။ အခန်းထဲလဲရောက်ရော ချက်ကြတာပေါ့။ နောက်နေ့တွေတော့ ကျွန်မလဲအွန်လိုင်းမှာသူနဲ့ စကားတွေအများကြီးပြောဖြစ်တယ် “ဘာညာသာဒကာ Blah Blah Blah ပေါ့” သူနဲ့လဲတော်တော်ခင်သွားတယ် နောက်ပိုင်း စာမရိုက်တော့ဘူး  Gtalk မှာ ပြောကြတယ်။
ဒါလေးကတော့ သူပေးထားတဲ့ စာလေးတစ်ခု။
သူ့ရဲ့အပြုံးလေးတွေက အရမ်းကိုဖြူစင်တယ်

နောက်တော့ သူကရည်းစားစကားပြောပါတယ် ကျွန်မက အွန်လိုင်းက လူတွေကိုမယုံဘူးလို့ ဒီလိုပဲချစ်တယ်လို့ပြောကြတာပဲ နောက်တော့ ဘာမှလဲမဟုတ်ပါဘူးလို့ ပြောတော့ သူက တကယ်အတည်ပါတဲ့ သူ့ကိုယုံကြည်ပေးပါတဲ့ သူကသူ့အချစ်စစ် မှန်ကြောင်းသက်သေတွေအများကြီးနဲ့ပြပါတယ်..နောက်ပိုင်းသူနဲ့ခင်မင်သွားတော့ သူ့အကြောင်းကိုလဲ ကျွန်မတော်တော်လေးသိလာပြီး အဖြေပေးလိုက်ပါတယ်။ အွန်လိုင်းရည်းစားတွေဖြစ်သွားကြတယ်ဆိုပါတော့။
အဲ့ဒီ့နေ့က မှတ်မှတ်ရရ ၂၂.၀၁.၂၀၀၉ပါ အခုဆိုရင် ချစ်သူသက်တမ်း ၂နှစ်နဲ့၁၁လတောင်ရှိသွားပြီ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ ကျွန်မတို့ ၂ယောက်အပြင်မှာတွေ့ဖို့အများကြီးကို ပြင်ဆင်ခဲ့ရတယ် မေမေ့ကိုလဲအသိပေးလိုက်တယ် သူ့မိဘတွေကိုလဲ အသိပေးတယ် သူတို့ကတော့ဘာမှမပြောပါဘူး သဘောတူပါတယ် ဒါပေမယ့် ဖေဖေကကျွန်မ ရည်းစားထားတာကိုမသိပါဘူး။ အွန်လိုင်းရည်းစားတွေဆိုတော့ အပြင်မှာသူနဲ့အရမ်းကိုဆုံချင်ခဲ့တယ်။ သူက ၂၀၁၁ဂျူလိုင်လမှာ ရန်ကုန် ပြန်တော့မယ်လို့သိထားတယ် ကျွန်မက၂၀၁၀ဒီဇင်ဘာ လောက်ကတည်းက လေယာဉ်လက်မှတ်ဝယ်ထားတယ် ဘယ်လောက်တွေ့ချင်နေလဲ မသိဘူး။ လေယာဉ်လက်မှတ်က ၂၄ရက် ၇လပိုင်းမှာပါ သူနဲ့ပဲတွေ့မယ်ပေါ့ တခြားပြသနာတွေကို ကျွန်မမတွေးမိပါဘူး တစ်ခါမှမမြင်ဖူးသေးတဲ့ကိုယ့်ချစ်သူကိုတွေ့ချင်တဲ့စိတ်ပဲရှိပါတယ် ရန်ကုန်လဲပြန်ရော.........

ရန်ကုန်မှာဖြစ်ခဲ့တဲ့ ပြသနာ ၁ထောင့်တစ်ရာကို အပိုင်း(၃) မှာ ရေးပါမယ်။

Get to know me a little better tag!


ဒီ tag လေးကတော့ YouTube မှာတွေ့လို့ ဘလော့မှာလဲ သူငယ်ချင်းတွေနဲ့လုပ်မလားလို့ စဉ်းစားမိတာနဲ့ တင်လိုက်တာပါ။ ကိုယ့်အကြောင်းကို သူငယ်ချင်းတွေ ပိုသိအောင်လဲပါပါတယ်။ ကျွန်မ tag လုပ်ချင်တဲ့ သူတွေကတော့ ကျွန်မဘလော့ကို လာလည်တဲ့ သူတွေအားလုံးကို tag ချင်ပါတယ်
Candy(မမကန်ဒီ)၊ သမီးစံ ၂ယောက်ထဲသူငယ်ချင်းကရှိတော့ tag လုပ်လိုက်ပါတယ်။ 

What is your name?
နာမည်အရင်းက Nandar Win ပါ။ မေမေကတော့ အငယ်လေးလို့ခေါ်တယ်(သမီးအကြီးဆုံးကို ဘာဖြစ်လို့ခေါ်လဲတော့မသိပါ)။ ညီမလေး ၂ယောက်က မမလို့ခေါ်တယ်။ ချစ်သူက အသဲလေးလို့ ခေါ်တယ် :)

How old will you be by your next birthday?
နောက်နှစ်ဆိုရင် အသက် ၂၂ နှစ်ပြည့်တော့မယ်။ ကိုယ့်ကိုကိုယ် တော်တော်အသက်ကြီးပြီလို့ထင်ပါတယ်။ ဒီမှာ အသက် ၂၁ ပြည့်ပြီးရင် လူကြီး ပဲလေ ဒီ့ထက်ပိုပြီးရင့်ကျက်သင့်ပြီထင်ပါတယ်။

What is your favourite ice cream?
ကျွန်မငယ်ငယ်ကတည်းက ရေခဲမုန့်လုံးဝမကြိုက်ဘူး စားလဲမစားဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်စားရင်တော့ Coconut Ice Cream ကို ကြိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က အုန်းမွှေးလုံးနဲ့တူလို့။

Do you have any pets?
အိမ်မှာ Pet လုံးဝမမွေးပါဘူး။ ဘာဖြစ်လို့လဲမသိဘူး သူတို့ရဲ့အမွှေးတွေကိုအရမ်းကြောက်တယ် ငယ်ငယ်ကတည်းက ကြောင်တွေ ခွေးတွေမြင်ရင် ထွက်ပြေးနေတာ။ ခွေးတွေဘေးကဖြတ်သွားရင် မကိုက်အောင် လက်မကိုဖွက်ပြီး အသက်အောင့်ပြေးတာပဲ။ အဲ့လိုမျိုး သူငယ်ချင်းတို့ရောဖြစ်လားဟင်?

Can you tell the difference between pepsi and coke?
Pepsi ka လျက်ဆားနံ့နဲနဲရသလိုပဲ Coke ကတော့ coke အရသာရတာပေါ့နော် ဟဲဟဲ။

Soda or sports drink?
Soda ဆိုတာက Soft Drink ကိုပြောတာဆိုရင်တော့ သိပ်မကြိုက်ဘူး Sports drink ကိုအရမ်းကြိုက်တယ်။

Favourite soup?
Favourite soup  ကတော့ Chicken and Corn Soup ပါ။ အငယ်ဆုံးညီမလေးက ထမင်းမစားတော့ သူ့ကို မေမေက ၀ယ်တိုက်ရင်းနဲ့ နဲနဲကျန်ရင် ကပ်ကပ်သောက်ရင်းကြိုက်သွားတာပါ။

Hamburger or hot dog?
ဟမ်ဘာဂါကိုပဲကြိုက်ပါတယ်။

Floral or musky perfume?
Floral perfume ကိုအကြိုက်ဆုံးပါ ရေမွှေးဝယ်တိုင်းအမြဲလိုလို floral scent ကို ရွေးပါတယ်

Spring or autumn?
Autumn  နွေပူပူကနေ ဆောင်းကိုကူးရတာ အနှစ်သက်ဆုံးအချိန်ပါပဲ။

ဒီဇင်ဘာပိတ်ရက်မှာ ဘာတွေလုပ်မယ် (Tag)


ဒါကတော့ပထမဆုံးရေးတဲ့ ကျွန်မရဲ့ TAG ပို့စ် လေးပါ မမကန်ဒီက TAG လုပ်တဲ့အတွက်လဲ အရမ်းကို ၀မ်းသာမိပါတယ် ခင်မင်မှုကိုပြတယ်ဆိုလို့ပါ။ ဘာဖြစ်လို့လဲမသိပါဘူး မကန်ဒီကို မြင်ကတည်းက အရမ်းကိုချစ်ခင်မိတယ်။…မမကန်ဒီကိုစသိတာက…YouTubeဗွီဒီယိုလေးကိုပါ…ရွှေခေါင်းပြောင်ဟင်းချက်တာလားမသိဘူး။…နောက်တော့သူရေးတဲ့ဘလော့လေးကိုတွေ့တော့…ဖတ်ရင်းနဲ့ကိုယ်လဲရေးချင်စိတ်တွေဖြစ်သွားတာပါ။
ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိသလားဆိုတော့ အမှန်အတိုင်းပြောရရင်မပျော်ရွှင်မိဘူး ဘာလို့လဲဆိုတော့…မေမေတို့ကရွှေဘိုကလေ…မြန်မာစစ်စစ်တွေဆိုတော့…ဘာမှကိုလုပ်လေ့လုပ်ထမရှိပါဘူး ဒီဇင်ဘာက ဒီလိုပဲအမြဲတမ်းလိုလို ကျွန်မအတွက်တော့ အေးစက်စက်ပါပဲ။ အေးစက်စက်ဆိုလို့ ရန်ကုန်မှာတုန်းကပဲ ဖြစ်တာပါ။ အော်စီရောက်တော့ ဒီဇင်ဘာဆို နွေရာသီကြီးလေ ပူအိုက်အိုက်နဲ့ ညဘက်ဆိုအိပ်လို့ကိုမပျော်ဘူး…ဒါပေမယ့် ခရစ်စမတ်ရောက်ခါနီးဆိုရင် လက်ဆောင်တစ်ခုခု(အကြီးကြီး) သို့မဟုတ်…ကံကောင်းတတ်ပါတယ်။…အဲ့ဒါတော့ထူးခြားမှုတစ်ခုပေါ့။

ကိုယ့်ရဲ့အိမ်မှာတော့ decoration တွေအလှမဆင်ပါဘူး ဒါပေမယ့် ဒီနိုင်ငံမှာ အိမ်တိုင်းလိုလို မီးသီးလှလှလေးတွေနဲ့ရောင်စုံ အလှဆင်တတ်တယ် သူတို့က ပြိုင်ပွဲလဲရှိတယ်လေ ညဘက်ဆိုအမြဲလိုလို အဲ့လိုပြင်ဆင်ထားတဲ့…အိမ်လှလှလေးတွေ…ဓာတ်ပုံလျှောက်ရိုက်လေ့ရှိတယ်။
ဒါလေးက ညီမအငယ်ဆုံးလေးပါ


နှင်းတွေအေးခဲနေတဲ့နေရာကို သွားလည်ချင်ပါတယ် အမေရိကားလို နေရာမျိုးပေါ့။ အခုက မြန်မာနိုင်ငံ ပတ်စ်ပို့နဲ့ဆိုတော့…ဗီဇာလျှောက်ဖို့နဲနဲခက်တယ်။…ဒီနိုင်ငံသားဖြစ်ပြီးရင်တော့…နေရာအနှံ့ကိုလျှောက်လည်ချင်တယ်။ ခရစ်စမတ်ပိတ်ရက်မှာ…မိသားစုနဲ့ပဲတူတူနေဖြစ်တယ်။...ခရစ်စမတ်နေ့တိုင်းလိုလို...အလုပ်ကခေါ်လေ့ရှိတော့…အမြဲအလုပ်ပဲလုပ်နေတယ်။…Workaholicဆိုတော့…တစ်ချိန်လုံးအလုပ်မှာပဲနေချင်နေတာပါ(နေလို့ရရင်ပေါ့)ဟဲဟဲ။

ညီမလေးက အခုမှ အသက်(၃) နှစ် သူ့ရဲ့မွေးနေ့က ၂၄.၁၂.၂၀၀၉ Christmas Eve ပေါ့ ဒါကြောင့် ခရစ်စမတ်ရောက်တိုင်း သူ့ကိုမွေးနေ့လက်ဆောင်အမြဲ ပေးဖြစ်ပါတယ် ဒီနှစ်နဲ့ဆို ၃ခါပဲရှိပါသေးတယ်။ ဘယ်လိုလက်ဆောင်လေးတွေပေးလဲဆိုတော့..ဂါဝန်လှလှလေးပေးဖြစ်တယ်။…သူ့ကိုကတော့…အငယ်ဆုံးအချစ်ဆုံးဆိုတော့ လှတာလေးတွေတွေ့ရင် သူ့မွေးနေ့မှမဟုတ်ဘူး အမြဲလိုလိုဝယ်ပေးဖြစ်တယ်။

Christmas Decoration
ခရစ်စမတ်မှာအမှတ်တရလေးတွေမရှိပါဘူး ဒါပေမယ့် ကျွန်မချစ်သူနဲ့နောက်နှစ်မှာ တူတူရှိနေချင်တယ်။ သူလဲဒီကိုလာဖို့…ကြိုးစားနေတယ်။…၂၀၁၂မှာလာနိုင်ပါစေလို့…အမြဲဆုတောင်းမိတယ်။

အကြိုညမှာ…ကျွန်မချစ်တဲ့မိသားစုရယ်ပြီးတော့…သူရယ်အတူတူရှိနေချင်တယ်။
New Year Eve မှာ…Countdown လုပ်လေ့ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အိမ်နားမှာ ကမ်းခြေရှိတယ် အဲ့ဒီ့ကမ်းခြေမှာ ဒီလိုနေ့ဆို လူတွေအများကြီးပဲ Stage Show တွေလဲရှိတယ် နောက်ပြီး Fire Work လဲ ရှိတယ်ဆိုတော့ နှစ်တိုင်းအဲ့နေ့ရာကို သွားဖြစ်တယ် လူတွေအများကြီးနဲ့ Countdown လုပ်ရတာ…ပျော်စရာအကောင်းဆုံးပဲ…ကမ်းခြေကြီးတစ်ခုလုံး…အသံတွေဟိန်းနေလို့။…ဒီနှစ်တော့ ဗွီဒီယိုရိုက်ထားလိုက်ဦးမယ်။

New Year Resolution ကတော့ သင်္ကြန်မှာပဲလုပ်ချင်ပါတယ်။ ကျွန်မက New Year Resolution အနေနဲ့ ဆံပင်အရှည်ကြီးကို…အဲ့ရောက်ရင်…တိုတိုလေးညှပ်ပစ်တတ်တယ်…အဲ့ဒါချစ်သူက…ဆံပင်အရှည်လေးနဲ့ချစ်လို့…ဒီတစ်ခေါက်တော့မညှပ်ပါနဲ့ဆိုလို့…ညှပ်ဖြစ်မယ်မထင်ပါဘူး။

လွမ်းမောတသတာမျိုးမရှိပါဘူး ကိုယ်က ရက်တွေမြန်မြန်ကုန်အောင် လက်ချိုးရေတတ်တဲ့လူဆိုတော့ အချိန်မြန်မြန်ကုန်လေကောင်းလေပါပဲ။ ဒါပေမယ့် မေမေတို့ဖေဖေတို့ကို အသက်မကြီးစေချင်ဘူး ကျွန်မကပဲ…ထားခဲ့တဲ့သူဖြစ်ချင်တာ…ကျွန်မကို…ထားခဲ့ခံရမှာအရမ်းကြောက်တယ်။…အဲ့ဒါကြောင့် ရည်းစားတွေကို…ကိုယ်ကပဲအရင်ထားခဲ့လေ့ရှိပါတယ်…J