Friday 20 April 2012

New Post yay

အားလုံးပဲ မင်္ဂလာပါ အခုလို အကြာကြီးဘလော့ မရေးပဲ ပျောက်နေတဲ့အကြောင်းကတော့ ကွန်ပျူတာက ဘာဖြစ်လို့လဲ မသိဘူး ဓာတ်ပုံတင်လို့မရဘူးဖြစ်သွားလို့ အခုတော့ ပြန်ကောင်းသွားပြီ ပြင်တောင်မပြင်လိုက်ရဘူး။ အိမ်မှာဘာမှလုပ်စရာမရှိလို့ အားနေတာနဲ့ ဗွီဒီယိုလေးတစ်ခုလုပ်ထားသေးတယ်။



အားလုံးပဲနေကောင်းကြတယ်ဟုတ်။ နန္ဒာတော့ နေမကောင်းဘူး အံဆုံးပေါက်ပြီး သွားတွေ အရမ်းကိုက်နေလို့ ဆေးသောက်နေရတယ်။ ခုထိလဲမပျောက်သေးဘူး အိပ်နေရင်ပိုဆိုးလို့ အစာမာမာတွေလဲ မစားနိုင်ဘူး ဒိန်ချဉ်နဲ့ ငှက်ပျောသီးစားပြီး ရေများများသောက်နေရတယ်။ အဲ့လိုစားရင် သက်သာမလား ထင်လို့။ ဗွီဒီယိုလေးကို ကြိုက်ကြမယ်ထင်ပါတယ် နောက်ဆို ပိုစ့်တွေအများကြီး ရေးမယ်နော်။

3 comments:

Candy said...

ကြေငြာလိုက်ပြီပေါ့ ဟိဟိဟိ
စာမရေးတာ သွားနာလို့ရော ဟုတ်ရဲ့လား.. လွမ်းဖျားလွမ်းနာကျနေတာမလား :P :P

thameesan said...

ဟယ်..အံဆုံးက..ခုမှပေါက်တယ်လားး)
ဘီဒိုတွေချည်းလှိမ့်လှိမ့်တင်ပါနဲ့..
ညန်မာပြည်က..အားငယ်တတ်လို့ပါ :D
ဒါ့ပုံလေးတွေများများတင်နော်း)

Mrs. Bagel said...

oh, youtube အခုပဲ ကြည့်လိုက်တာ။ congratulations နော် ။ :D